BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
တိုက်ရိုက်ထုတ်လွှင့်မှု, မြောက်ဦးမြို့က ဆေးရုံဗုံးကြဲခံရမှု သေဆုံးသူ ၃၄ ဦးအထိမြင့်တက်
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့က ဆေးရုံကို စစ်တပ်က ဗုံးကြဲမှု သေဆုံးသူ ၃၄ ဦးအထိမြင့်တက်လာတဲ့ သတင်းအပါအဝင် ဒီဇင်ဘာ ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စဉ့်ကူးကို ထိန်းရေးနဲ့ လက်မလွှတ်ရရေး MDY-PDF နဲ့ စစ်တပ် အားပြိုင်နေ
ရွှေလုပ်ကွက်တွေ အများစုရှိတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက လူသိများထင်ရှားတဲ့ လက်ပံလှရွာအနီးအထိ စစ်တပ် စစ်ကြောင်းတွေရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကိုယ်တိုင်ဆုတက်မယူနိုင်
ပုန်းအောင်းတိမ်းရှောင်နေရတဲ့ ဗင်နီဇွဲလား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Maria Corina Machade ကိုယ်တိုင်ဆုတက်မယူနိုင်တာကြောင့် သမီးဖြစ်သူက အော်စလိုမြို့ ဆုပေးပွဲကို ကိုယ်စားတက်ရောက်တဲ့ သတင်းအပါအဝင် ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဥရောပဟာ ခေါင်းဆောင် ''ညံ့'' ပြီး ''အင်အားချိနေပြီ'' လို့ ထရမ့် ဝေဖန်
ထရမ့်က ဥရောပနိုင်ငံတွေဟာ ရွှေ့ ပြောင်းတွေကို မထိန်းကြောင်းနိုင်ဘဲ ယူကရိန်းစစ်ပွဲရပ်တန့်အောင်လည်း မလုပ်နိုင်ဘူးလို့ ပြောပေမဲ့ ဗြိတိန်ဝန်ကြီးချုပ်ကတော့ ဥရောပနိုင်ငံတွေဟာ "ခိုင်မာအားကောင်းတယ်" လို့ တုံ့ပြန်ပါတယ်။
ရှမ်းမြောက် ကျားဖြန့် တရားခံပြေးဆိုပြီး လူ ၁၀၀ စာရင်းကို တရုတ်ထုတ်ပြန်
ရှမ်းမြောက်ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်တွေအပါအဝင် တရားခံပြေးဖြစ်နေကြသူတွေလို့ဆိုတဲ့ လူအယောက် ၁၀၀ စာရင်းကို တရုတ်အာဏာပိုင်တွေ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် ဒီဇင်ဘာ ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့သတင်းများကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ဂျာမနီမှာ စစ်မှုထမ်းဥပဒေ ပြန်အသက်သွင်း
စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ ဘာလင်အပါအဝင် ဂျာမနီ မြို့ ကြီးတွေမှာ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းထဲက စစ်မှုထမ်းဥပဒေ
ပါတီအများစုရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာ တိုင်းပြည်ရဲ့ လူငယ်လူရွယ်ထုကြီး ပြည်ပကို ထွက်ခွာခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဖော်ပြထားတာမရှိသလောက် ဖြစ်ပါတယ်။
"အတ္တလန္တိတ် ခံတပ်" - ရုရှားရဲ့ခြိမ်းခြောက်မှုကို တန်ပြန်တဲ့ ဗြိတိန်ရေတပ် မဟာဗျူဟာသစ်
“အတ္တလန္တိတ် ခံတပ်” မဟာဗျူဟာသစ်ကို ဗြိတိန် ရေတပ် ထုတ်ပြန်လာ
၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ မသုံးရ - သြစီရဲ့မူ အလုပ်ဖြစ်မှာလား
သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် လူမှုကွန်ရက်မသုံးရဆိုတဲ့ ဥပဒေကို အခုသီတင်းပတ်အတွင်း စတင်ကျင့်သုံးဖို့ရှိနေပါတယ်။ ဒီလိုလုပ်သင့်တယ်လို့ ယူဆတဲ့သူတွေရှိသလို ဒီမူမချမှတ်သင့်ဘူးလို့ ချေပကြသူတွေလည်းရှိနေပါတယ်။
မြန်မာ၊ ထိုင်းကနေ အာဖရိက - ကျားဖြန့်ကလွတ်လာသူတွေ
အခုနှစ် ၁၁ လတာအတွင်းမှာတင် မြဝတီမြို့ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ကိုလွှဲပြောင်းပြီး နေရပ်ပြန်ပို့ပေးခဲ့တဲ့ နိုင်ငံခြားသားအရေအတွက် တစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း ထိုင်းအစိုးရနဲ့ မြန်မာစစ်တပ်တို့ရဲ့ စာရင်းအရ သိရပါတယ်။
ပင်လယ်အောက် စမ်းသပ်သတ္တုမိုင်းကြောင့် အဏ္ဏဝါသက်ရှိတွေတိမ်းပါး
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ရည်ရွယ်တဲ့ စိမ်းလန်း နည်းပညာတွေအတွက် လိုအပ်တဲ့ အရေးကြီး သတ္တုတွေက ပင်လယ်သမုဒ္ဒရာအောက်က ကြမ်းပြင်မှာ ရှိနေကြပါတယ်။ အခုထိတော့ နိုင်ငံတကာ ရေပိုင်နက် ပင်လယ်အောက်က ကြမ်းပြင်တွေမှာ မိုင်းတူးခွင့် မပြုကြသေးပါဘူး။
ဘီနင် အာဏာသိမ်းရန် ကြံစည်မှု သစ္စာခံတပ်တွေ တားဆီး- ပြည်ထဲရေးဝန်ကြီး ဆို
ဘီနင်အစိုးရယန္တရားတွေကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုတဲ့ စစ်သားအုပ်စုတစုက ပုန်ကန်ခဲ့ကြောင်းနဲ့ အစိုးရ သစ္စာခံတပ်တွေက ပြန်ထိန်းချုပ်နိုင်ခဲ့ပြီ ဆိုပြီး ပြည်ထဲရေး ဝန်ကြီးက ရုပ်သံကနေ ပြောကြား
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
၂၀၂၅ မြန်မာရွေးကောက်ပွဲ
စစ်တပ်ရွေးကောက်ပွဲရဲ့ အပြောင်းအလဲ ၇ ချက်
စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ တကျော့ပြန်လာတဲ့ အခင်းအကျင်းမဟုတ်ဘဲ စစ်တပ်က သူ့ရဲ့ တရားမဝင်တဲ့ အာဏာချုပ်ကိုင်ထားမှုကို တရားဝင်အာဏာအသက်သွင်းတဲ့ နည်းလမ်းတစ်ခုပဲလို့ ကောက်ချက်ချမှုတွေရှိနေပါတယ်။
မြန်မာရွေးကောက်ပွဲ တရုတ်ဘာကြောင့်ထောက်ခံ
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတကာ ဝေဖန်မှုတွေ ရှိနေပေမယ့် အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ထောက်ခံသွားမယ်လို့ တရားဝင်ထုတ်ပြောပါတယ်။ တရုတ်က ဘာ့ကြောင့် မြန်မာရွေးကောက်ပွဲကို ထောက်ခံလာတာလဲ။
ဘီလျံများစွာ အသုံးစရိတ်ရှိတဲ့ မဲဆွယ်ပွဲ
အမတ်လောင်းတစ်ဦးကို ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်းသုံးရာ သတ်မှတ်ထားတဲ့အတွက် အမတ်လောင်း ငါးထောင်နီးပါးဝင်ပြိုင်မယ့် ရွေးကောက်ပွဲမှာ အသုံးစရိတ်က ဘီလျံပေါင်းများစွာရှိလာမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီသက်တမ်းနုနု ရွေးကောက်ပွဲများများနဲ့ မြန်မာ
မြန်မာမှာ အင်္ဂလိပ်အစိုးရက ကျင်းပပေးတဲ့ ဒိုင်အာခီ(Dyarchy) ရွေးကောက်ပွဲက တဆင့် မြန်မာလူထုက ရွေးကောက်ပွဲအလေ့အထနဲ့ စတင်ထိတွေ့မှု ရှိခဲ့ပြီး ရွေးကောက်ပွဲစုစုပေါင်း ၁၇ ခုထက်မနည်းကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေနှစ်ကာလရှည်ကြီးစိုးတဲ့နှစ်ကာလတွေကနှစ် ဆယ်နဲ့ချီရှိခဲ့ပြီး ရွေးကောက်ပွဲတွေ ဆိတ်သုဥ်းခဲ့ပါတယ်။
စစ်ကော်မရှင်ရွေးကောက်ပွဲ - အရင် နဲ့ မတူတဲ့ မြေပြင်မဲဆွယ်စည်းရုံးရေး
စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး ကာလ စတင်နေပါပြီ။ အရင် ရွေးကောက်ပွဲတွေ နဲ့ အခုတစ်ခေါက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဘာတွေ ပြောင်းလဲသွားသလဲ။
အာဆီယံနဲ့ မြန်မာ့ရွေးကောက်ပွဲ
ရွေးကောက်ပွဲအလွန် ပေါ်လာမယ့် အစိုးရ အပေါ် အာဆီယံ ဘယ်လို သဘောထားမလဲ
မပြိုင်ခင်က နိုင်နှင့်နေတဲ့ ကြံ့ခိုင်ရေးအမတ်လောင်းတွေ
ပြိုင်သူမဲ့ဖြစ်နေတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂၈ ဦးဟာ မပြိုင်ခင်ကတည်းက အနိုင်ရနေတဲ့အခြေအနေဖြစ်ပါတယ်။ ဘာကြောင့်လဲ။အဲဒီမဲဆန္ဒနယ်တွေက ဘယ်လိုမဲဆန္ဒနယ်တွေလဲ။
စစ်ကော်မရှင်ရွေးကောက်ပွဲ - ပါတီဥက္ကဋ္ဌတွေပြိုင်မယ့်မဲဆန္ဒနယ်တွေဘယ်လိုထူးခြားလဲ
ပါတီ ဥက္ကဋ္ဌတွေကိုယ်တိုင်ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေလည်း ထွက်ပေါ်လာပါပြီ။ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရတဲ့ ဒေါ်သက်သက်ခိုင်လို ပါတီဥက္ကဋ္ဌ တွေရှိသလို အသက် အရွယ်ကြောင့် ဝင်မပြိုင်တဲ့ ပါတီဥက္ကဋ္ဌတွေလည်းရှိနေပါတယ်။
ဗီဒီယို, ရွေးကောက်ပွဲဝင် ပါတီတွေ မဲဆွယ်စည်းရုံးရေး ကာလ စတင်, ကြာမြင့်ချိန် 3,38
ပါတီတွေအနေနဲ့ ဘယ်လိုမဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေပါသလဲ။
ဦးသန်းစိုး - တပ်ကိုကာကွယ်သူ ကော်မရှင်ဥက္ကဋ္ဌ
ကော်မရှင်ဥက္ကဋ္ဌတစ်ယောက်ရဲ့ အဓိက တာဝန်က လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု အောင်မြင်အောင်ကျင်းပနိုင်ရေးဖြစ်ပေမဲ့ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးအတွက်ကတော့ တပ်ရဲ့သိက္ခာမထိပါးရေးကပါ တာဝန်တစ်ရပ်ဖြစ်နေသလို မြင်ရပါတယ်။
အမတ်လောင်းတွေ လုံခြုံရေးနဲ့မဲဆွယ်မယ်
မဲဆွယ်စည်းရုံးရေးကာလမှာ အမတ်လောင်းတွေ လုံခြုံရေးနဲ့ မဲဆွယ်ကြမယ်လို့ ပါတီတချို့ဆီက စုံစမ်းသိရှိရပါတယ်။ စည်းရုံးမယ့်နေရာ၊ အချိန်နဲ့ လူအင်အားကို တင်ပြရမှာဖြစ်ပြီး လုံခြုံရေးချပေးမယ် လို့ပြောထားကြောင်း အမတ်လောင်းတစ်ဦးက ပြောပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမရောက်သေးပေမယ့် နိုင်ငံရေးပါတီတချို့ကလည်း မဲဆွယ်စည်းရုံးရေးသဘောဆောင်တဲ့ လှုပ်ရှားမှုတွေလုပ်နေတာ တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ အကဲခတ်တချို့က ဝေဖန်ပြောဆိုနေကြပါတယ်။
ဗီဒီယို, အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းနဲ့ မကွေးကနေ ဝင်ပြိုင်ဖို့ရှိ, ကြာမြင့်ချိန် 2,57
ဒီဇင်ဘာ ရွေးကောက်ပွဲ နဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေအကြောင်း
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
အမေရိကန်ရဲ့ အန္တရာယ်ရှိနိုင်ငံစာရင်းထဲပါနေတဲ့ မြန်မာအပေါ် TPS ရုပ်သိမ်းမှုကိုဆန်းစစ်ခြင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သူ့နိုင်ငံသားတွေ ခရီးမသွားသင့်တဲ့ အနီရောင် အဆင့် ၄ သတ်မှတ်ချက် နိုင်ငံတွေထဲမှာ မြန်မာပါဝင်နေပေမဲ့ DHS ရဲ့ TPS ကို ရုပ်သိမ်းတဲ့ အကြောင်းပြချက်က မြန်မာနိုင်ငံရဲ့ အခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံပြီလို့ ဆိုပါတယ်။
'' မုလအိအလင်းကို ကျွန်တော်တို့ရပ်ဆိုင်းတာကြာလှပြီ... ဥပဒေနဲ့ ငြိစွန်းတယ်လို့ သံသယရှိလာတဲ့အခါ ကျွန်တော်တို့ အကုန်လုံးဖြတ်ချလိုက်တယ်''- ပဒိုစောတောနီး
DKBA၊ BGF ထိန်းချုပ်နယ်မြေတွေက ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး KNU ဘာကြောင့်အခုမှ ဝင်ရောက်ရှင်းလင်းသလဲဆိုတာ အပါအဝင် ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ KNU ပါဝင်ပတ်သက်နေသလားဆိုတာတွေကို KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ကို ဘီဘီစီက အွန်လိုင်းကတဆင့် နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း က ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို ဖတ်ရှုနိုင်ပါပြီ။
မန္တလေး လူချွန်လူကောင်း မြို့မငြိမ်း
သင်္ကြန်လို ရာသီပွဲလမ်းနဲ့ ဆိုင်တဲ့တေးတွေကနေ အချစ်၊ မြို့ဘွဲ့၊ ဘာသာရေး ၊ နိုင်ငံရေး စတဲ့ နယ်ပယ်စုံထိ ဖြန့်ကျက် စပ်ဆိုသွားတာကို တွေ့ရပြီး ၂၀ ရာစု မြန်မာဂီတစာဆိုတွေထဲမှာ အကြီးမြတ်ဆုံး ပါရမီရှင်တယောက်အဖြစ် ပညာရှင်တွေနဲ့ ပြည်သူတွေကြားမှာ အသိအမှတ်ပြု ခံထားရ
တယ်လီဂရမ်မှာ ခေါင်းထောင်လှုပ်ရှားမပြတ်တဲ့ မြန်မာက ကျားဖြန့်ဂိုဏ်းတွေ
နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က KK Park နဲ့ ရွှေကုက္ကိုမြို့ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဒုစရိုက်လုပ်ငန်းတွေကို စစ်တပ်နဲ့ BGF တို့က နှိမ်နင်းနေတယ်လို့ပြောနေပါတယ်။ ဒါပေမဲ့ တယ်လီဂရမ်ကနေ မြဝတီဒေသတကြောက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာလုပ်ကိုင်ဖို့ ကမ်းလှမ်းနေတဲ့ အလုပ်ခေါ်စာတွေက ခေါင်းထောင်လှုပ်ရှားမပြတ်ပါဘူး။
လူကာရှန်ကို - ဥရောပကအာဏာရှင်ရဲ့နေပြည်တော်ခရီး
ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့ တင်စားကြတဲ့ ဘယ်လာရုစ်သမ္မတမစ္စတာလူကာရှန်ကို အရှေ့တောင်အာရှရဲ့ စစ်တပ်အာဏာသိမ်းတိုင်းပြည် မြန်မာကို ပထမဆုံးအကြိမ်လာရောက်ပါတော့မယ်။






































































